Monday, December 20, 2010

တွေးခေါ်ခြင်း အနုပညာ

0 comments
ဒီနေ့ ကျွန်မ နာလန်ထစ... အစောပိုင်းကတော့ စာနည်းနည်းပါးပါးဖတ်ပြီး နားနားနေနေ နေမယ်လို့ စိတ်ကူး ထားတယ်။ ဒါပေမဲ့ ကျွန်မ ဟိုဟိုဒီဒီ လျှောက်ဖတ်မိရင်း ယခင်တည်းက ခေါင်းထဲမှာ ရောက်နေတဲ့ အကြောင်း အရာကို ချရေးချင်စိတ် ပေါ်လာမိတယ်။ အမှန်တော့ ကျွန်မ မြန်မာနိုင်ငံ၏ အနှစ်သာရကို ရေးရမှာပါ။ ဒါပေမဲ့ ခေါင်းထဲမှာ ဖြစ်တည်နေတဲ့ အကြောင်းအရာတခုကို အရင် ရှင်းချလိုက်ချင်လို့ ဒီစာလေးကို ရေးသားဖြစ်ပါ တယ်။အနုပညာ... အချို့ကတော့ နူးညံ့သိမ်မွေ့တဲ့ပညာ အနုပညာလို့လဲ သတ်မှတ်ကြတယ်။ ကျွန်မ နားလည်ထားတာကတော့ အနု - အနုစိပ်၊ အသေးစိပ်ဆန်သော၊...

Thursday, December 16, 2010

ပြောသင့်လို့ ပြောရပါတယ်

0 comments
ဟိုတလောရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်။ အဲဒီ့အချိန်မှာ အတော်များများ အထူးသဖြင့် လူငယ်တွေဟာ ဝမ်းမြောက်ဝမ်းသာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးဖို့ ဆုံးဖြတ်လိုက် ကြပုံတွေ တွေ့ရတယ်။ နိုင်ငံရေးခေါင်းဆောင်တယောက်ကို အဲဒီ့လို လူငယ်တွေ ဝန်းရံမယ် ဆိုတာ အင်မတန်မှ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် လုပ်သင့်တဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုကြတယ်။ စုံလို့ပေါ့…။ ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေး စသဖြင့်တွေ…။ အဲဒီ့ထဲမှာ ဒီမိုကရေစီလိုလားသူများကြားထဲမှာ...

Thursday, December 9, 2010

အိမ်

1 comments
ကျွန်မ နေနေတဲ့ အိမ်လေးတအိမ်ရှိတယ်။ အဲဒီ့အိမ်လေးဟာ အိမ်လေးဆိုပေမဲ့ လူတွေ အများကြီး နေနိုင်လောက်အောင် ကျယ်ဝန်းပါတယ်။ အဲဒီ့အိမ်လေးမှာ ကျွန်မနဲ့ အတူ ကျွန်မရဲ့ မောင်နှမတွေ ရှိတယ်။ သူတို့ကို ကျွန်မသိပ်ချစ်တာပေါ့။ သူတို့ကလဲ ကျွန်မကို ချစ်ကြတယ်။ ဒါပေမဲ့ မောင်နှမတွေဆိုတော့ တခါတလေတော့ ရန်ဖြစ်မိတာပေါ့။ ရန်ဖြစ်ကြပေမဲ့လဲ ကျွန်မ သူတို့ကို ချစ်ပါတယ်။ သူတို့က ကျွန်မရဲ့ သွေးရင်းသားရင်း မောင်နှမတွေ။ ဒါပေမဲ့လေ.. ကျွန်မတို့ရဲ့ မိဘတွေကတော့ မတည့်ကြဘူးရှင့်။ မိဘတွေ ခဏခဏ ရန်ဖြစ်တယ်။ ကျွန်မတို့ မောင်နှမ တွေက ကျွန်မတို့မိဘတွေကို...

Wednesday, December 1, 2010

အမျိုးသားနေ့ လက်ဆောင်

0 comments
ဒီနေ့ဟာဆိုရင် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၊ ကိုလိုနီနယ်ချဲ့တို့ရဲ့ လက်အောက်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ တက္ကသိုလ် အက်ဥပဒေ ကို လက်မခံနိုင်လို့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု အဖြစ် သပိတ်မှောက်ခဲ့ကြတယ်။ နယ်ချဲ့လက်အောက်မှာ နယ်ချဲ့တွေ သတ်မှတ်တဲ့ ကျွန်ပညာရေးစံနစ်ကို လက်မခံ တဲ့ သခင်စိတ်အပြည့်ရှိနဲ့ကျောင်းသားတွေရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်ဖြစ်ခဲ့တယ်။ အဲဒီ့နေ့ဟာ မြန်မာ့ သမိုင်းမှာ မြန်မာလူမျိုးတို့ရဲ့ မျိုးချစ်စိတ်ကို ပြသခဲ့တဲ့ မှတ်တိုင် တခုအဖြစ် ရှိနေပါတယ်။ ဒါကို...

Tuesday, November 30, 2010

တိရိစ္ဆာန်

0 comments
တိရိစ္ဆာန်ဆိုတာအစာကို လုစားစားရလဲ မတင်းတိမ်အဲဒါဆို တိရိစ္ဆာန်။တိရိစ္ဆာန်ဆိုတာကိုယ့်အစာနား ကပ်ရုံမျှရန်ပြုကာ တိုက်ခိုက်တယ်အဲဒါဆို တိရိစ္ဆာန်။တိရိစ္ဆာန်ဆိုတာရန်သူမိတ်ဆွေ မခွဲတတ်အသိဉာဏ် မဲ့ကြတယ်အဲဒါဆို တိရိစ္ဆာန်။တိရိစ္ဆာန်ဆိုတာမျိုးမတူရင် ရန်သူစုဖွဲ့လို့ ရန်ဖြစ်ကြအဲဒါဆို တိရိစ္ဆာန်။အရာတခုအတွက်ယှဉ်ပြိုင်လို့ တိုက်ခိုက်ကြဒါဆိုရင် တိရိစ္ဆာန်။ကဲ… လူစင်စစ်က တိရိစ္ဆာန်မဖြစ်ရေးဆင်ခြင်ကြရအောင်။စောနန်းမ...

Monday, November 29, 2010

မေ့လို့တော့ မဖြစ်ဘူး

1 comments
ဘာလိုလိုနဲ့ ၁၂၅ နှစ်တောင် ပြည့်ပြီ။ဗြိတိသျှနယ်ချဲ့တွေ မြန်မာနိုင်ငံရဲ့ အရှင်နှစ်ပါးကို ငှက်ကလေးတွေလို ခေါ်ဆောင်သွားခဲ့တာ...မြန်မာနိုင်ငံကို နယ်ချဲ့သိမ်းပိုက်ခဲ့တာ....Justify Fullဗြိတိသျှ အင်ပါယာထဲကို သွတ်သွင်းဖို့ တရားဝင် မကြေငြာသေးသော်လဲ တနိုင်ငံလုံးကို သိမ်းပိုက်ခဲ့တာ....ဗြိတိသျှဆိုတဲ့ လူမျိုးတွေကို မြန်မာတွေ အင်မတန်မုန်းတီးဖို့ ဖြစ်လာတဲ့နေ့...မြန်မာလို သတ်မှတ်ထားတာက တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့...ခရစ်သက္ကရာဇ်နဲ့ ဆိုရင်တော့ ၁၈၈၅ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့.............ဒီနှစ်မှာတော့ မြန်မာလိုရော ခရစ်သက္ကရာဇ်နဲ့ပါ...

Monday, November 15, 2010

မြန်မာနိုင်ငံ၏ အနှစ်သာရ (၂)

0 comments
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာတွေကို ပြန်လှန်ရင်း ဒုတိယအပိုင်းကို ဆက်လက်ရေးသားလိုပါတယ်။ ပထမ အပိုင်းမှာ ဖော်ပြခဲ့တာတွေရဲ့ အနှစ်ချုပ်ကတော့ ထေရဝါဒသာသနာတော်ဟာ မြတ်စွာဘုရားရှင် လက်ထက်တော်မှာတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ကြောင်းကိုပါ။ အခု ဒုတိယအပိုင်းကို ဆက်ကြ ရအောင်ပါ။ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို အခြေခံပြီး မြန်မာတွေရဲ့ ယဉ်ကျေးမှုရယ်လို့ ဖြစ်လာခဲ့တာပါ။ ကျွန်မတို့ နှုတ်မှာ အမြဲတမ်း ပြောလေ့ရှိတဲ့ မင်္ဂလာတရားတော်နဲ့ အညီတို့၊ မင်းကျင့်တရားဆယ်ပါးနဲ့ အညီတို့ ၊ ဗြဟ္မစိုရ် တရားနဲ့ အညီတို့ ဆိုတာ...

Tuesday, November 9, 2010

ကျွန်မတို့ မရှုံးသေးပါ

6 comments
ကဲ... မဲတွေလိမ်လိုက်ပါပြီ။မဲတွေကို ဆိုးဆိုးရွားရွားလိမ်လိုက်ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်တွေ၊ ပါတီတွေတင် မကဘဲ ရွေးကောက်ပွဲအပေါ်ပုံအောယုံကြည်ခဲ့တဲ့ ဂျာနယ်တွေနဲ့ ကျွန်မတို့ ပြည်သူတွေ အားလုံး စိတ်ဓါတ်ကျကြတယ်။ ကျွန်မ စောနန်းမွန် ကတော့ စစ်ရေးကို စိတ်ဝင်စားခဲ့တဲ့အတွက် ရွေးကောက်ပွဲကနေ ခဏလေး အာရုံလွဲသွားမိပါတယ်။ လက်နက်ကိုင်တဲ့ တော်လှန်ရေး ကို လက်မခံတဲ့ စောနန်းမွန်တယောက် တိုက်ပွဲဖြစ်တယ်ဆိုတဲ့အချိန်မှာ ရင်ထဲက မေတ္တာတရားတွေ ပျောက်လုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ငြိမ်းချမ်းရေးလမ်း...

Sunday, October 31, 2010

မြန်မာနိုင်ငံ၏ အနှစ်သာရ (၁)

0 comments
ဒီတခေါက်မှာတော့ ကျွန်မတို့ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းကို ပြန်လှန်ပါရစေ။၁၈၈၅ ခုနှစ်မှာ ကုန်းဘောင်ခေတ်မြန်မာနိုင်ငံတော်ဟာ ဗြိတိသျှတွေလက်အောက်ကို ကျရောက်ခဲ့ရတယ် ဆိုတာ ကျွန်မတို့အားလုံး သိပြီးသားကိစ္စပါ။ အဲဒီ့နောက်မှာ ကျွန်မတို့ရဲ့ ဘိုးဘွားမိဘတွေဟာ ဗြိတိသျှတွေကို ရရာ လက်နက်ကို ဆွဲကိုင်ပြီး တော်လှန်ခဲ့ကြတာလဲ ကျွန်မတို့ သိရှိပြီးသားပါပဲ။ ဒါပေမဲ့ ကျွန်မတို့ မေ့လျော့ နေခဲ့တာတွေ အများကြီးရှိနေခဲ့တယ်။ ပထမဆုံး ကျွန်မတို့ ထီးနဲ့ နန်းနဲ့ နေခဲ့ရတာနဲ့ ကိုလိုနီ လက်အောက်...

Friday, October 22, 2010

အရှုပ်ထွေးဆုံးဆိုပေမဲ့ စဉ်းစားတတ်ရင် အဖြေရှိပါတယ်

0 comments
ဟိုးရှေးရှေးတုန်းက အိန္ဒိယလူမျိုးတွေနေထိုင်တဲ့ ရွာငယ်လေးတရွာမှာ လယ်သမားတယောက်ဟာ ကံမကောင်း စွာနဲ့ပဲ တော်တော်ဆိုးပြီး အသက်ကြီးတဲ့ လူတယောက်ဆီမှာ ပိုက်ဆံအကြွေးပေးစရာတွေ အများကြီး ရှိနေခဲ့ တယ်။အဲဒီ့ပိုက်ဆံချေးထားတဲ့ လူကြီးဟာ အရမ်းကို ချောမောလှပတဲ့ လယ်သမားရဲ့ သမီးကို လက်ထပ်ချင်နေတယ်။ ဒါကြောင့် သူဟာ တောင်းဆိုခဲ့တယ်။ တကယ်လို့ လယ်သမားရဲ့ သမီးကိုသာ လက်ထပ်ခွင့်ရမယ်ဆိုရင် လယ်သမားကြီးယူထားတဲ့ ပိုက်ဆံအကြွေးတွေကို မေ့ပစ်လိုက်မယ်လို့ ပြောလိုက်တယ်။ အဲဒီ့တောင်းဆိုချက် ကို ကြားလိုက်ရတဲ့အခါ လယ်သမားနဲ့ သူ့သမီးဟာ ကြောက်လန့်သွားကြတာပေါ့။အဲဒီတော့...

Friday, October 15, 2010

အားမလျှော့နဲ့ ဒီမိုကရက်

1 comments
၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံပြောင်းလဲဖို့ လမ်းစပါ။ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးမျိုး သော ပါတီတွေထဲမှာ.. စစ်အစိုးရရဲ့ လက်အောက်ခံတဖြစ်လဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မဆလ လက်ဟောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့ ပါဝင်တဲ့အလျောက် ကျွန်မတို့ ယုံကြည် အားထားစရာ ဒီမိုကရက်တစ် ပါတီတွေ ပါဝင်နေပါသေးတယ်။ လက်ရှိအချိန် အများပြည်သူ ယုံကြည်အားထားမှု အများဆုံးကို ရရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊...

Thursday, October 14, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၃)

1 comments
အခု ပိုစ့်မှာ အဓိက ပြောချင်တာကတော့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေ အတွက် အဓိက ပြောချင်ပါတယ်။ ပါတီတွေရဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုတွေကနေ ရရှိသလောက်စာရင်းတွေကို လေ့လာပြီး ရေးရတာပါ။ ဒါကြောင့် ပြည့်စုံမှုတော့ ရှိမှာ မဟုတ်ဘူးဆိုတာ ဝန်ခံ ပါရစေ။ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့ ကိုယ်စားလှယ်လောင်း စာရင်းကို သက်ဆိုင်ရာ ရက်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ခွဲ တွေမှာကပ်ထားတယ် ဆိုပေမယ့် သတင်းစာတွေမှာ တရားဝင်ကြေညာတာမျိုး မရှိပါဘူး။ မီဒီယာတွေကိုလည်း ထုတ်ပြန်ခြင်း...

Wednesday, October 13, 2010

လွတ်လွတ်လပ်လပ်ပေးရမှာလား။

3 comments
ရွေးကောက်ပွဲကြီး စတော့မယ်။ သိပ်ကို စိတ်လှုပ်ရှားရတဲ့ အရာကြီးပါပဲ။ မကြာခင်မှာ မဲပေးရတော့မယ်။ အဲဒီ့နေ့ရောက်ဖို့အတွက် သိပ်ကို မျှော်လင့်ခဲ့ရသလို ကြောက်လဲ ကြောက်လန့်နေမိတယ်။ မျှော်လင့်ရတာကတော့ အားလုံးလိုချင်တဲ့ အပြောင်း အလဲ။ ကြောက်နေရတာတော့ အချက်နှစ်ခု ရှိတယ်။ အမျိုးမျိုးသော ဆန္ဒတွေနဲ့ ပြည်သူတွေ အများစုရှိနေတဲ့ မဲရုံတွေမှာ ဖောက်ခွဲမှုတွေ ဖြစ်လာမှာပါ။ (ဘယ်သူတွေကပဲ များသောအားဖြင့် လုပ်တတ်ကြ တယ်.. ဘယ်လို သတင်းကို အလှည့်အပြောင်းလုပ်တတ်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။) နောက်ထပ်တခုကတော့ မဲပေးရမှာတော့ ဟုတ်ပါပြီ။...

Tuesday, October 12, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၂)

9 comments
အခု ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် အသီးသီးမှာ ဝင်ပြိုင်မယ့် ပါတီ အသီးသီးက ကိုယ်စားလှယ်လောင်း အရေအတွက်ပေါ် မူတည်ပြီး ခန့်မှန်းထားတဲ့ အချက်အလက် တချို့ထွက်ပေါ်လာ ပါတယ်။ ဒီအချက် အလက် တွေကို တင်ပြလိုက်ပါတယ်။ အချက်အလက်တွေကို "မြန်မာ ရွေးကောက်ပွဲ သတင်းအချက်အလက်" ရဲ့ facebook စာမျက်နှာကနေ ရပါတယ်။ပထမဆုံးတင်ပြချင်တာက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ကြတဲ့ ပါတီနဲ့ တသီးပုဂ္ဂလတွေရဲ့ အခြေအနေပါ။ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အတွက် (၁၆၈)နေရာ ရှိပါတယ်။ မဲဆန္ဒနယ် အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီးတော့...

Monday, October 11, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၁)

7 comments
မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် အလှည့် အပြောင်းဖြစ်မယ့် ရွေးကောက်ပွဲကြီး စတင်ပါ တော့မယ်။ တပ်မတော်က ရွေးကောက်ပွဲကို လုပ်ဖြစ်အောင် လုပ်မယ်ဆိုရင် ရွေးကောက်ပွဲဟာ ဖြစ်ကို ဖြစ်လာမှာပါ။ လက်ရှိ ပြည်သူတွေဟာ ဆန္ဒပြ ဆိုတဲ့ စကားကို အရမ်းကြောက်လန့်နေတဲ့အခြေအနေပါ။ သူတို့ဆန္ဒတွေ ပြခဲ့ကြ တယ်။ ရလာဒ်က တပ်က သေနတ်နဲ့ ပစ်တာခံရတယ်။ စစ်တပ်ရဲ့ သူလျှိုလို့ စွပ်စွဲပြီး ခေါင်းဖြတ်တာတွေကို ကြုံခဲ့ရတယ်။ သောက်သုံးရေတွေထဲ အဆိပ်ခတ်တာ ခံခဲ့ရတယ်။ နိုင်ငံမတည်မငြိမ်မှုဟာ ဘယ်လောက်အထိ ဆိုးကျိုးတွေ ဖြစ်စေမလဲဆိုတာ ပြည်သူတွေ...

Wednesday, September 8, 2010

နားလည်ပေးကြပါ... (၁)

4 comments
ငြိမ်းချမ်းရေးလမ်းဆိုတဲ့ ဘလော့ဂ်လေးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒီလပိုင်း ပို့စ်အတင်ကျဲခဲ့တယ်။ စောနန်းမွန် လည်း မအား၊ ကိုသူရိန်လည် မအား၊ အခြားငြိမ်းချမ်းရေးလမ်းအဖွဲ့ဝင်တွေလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှိနေကြ တော့ ခေတ္တခဏ အနားယူထားခဲ့ရပါတယ်။ ဒီနေ့လဲ စောနန်းဆိုတဲ့ ကျွန်မ မအားလပ်ပါဘူး။ သို့ပေမယ့် ပြော သင့် ပြောထိုက် ရေးသင့် ရေးထိုက်တာတွေက များလာပြီလေ။ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကလည်း နီးလာ ပြီ။ ပြဿနာတွေကလည်း များနေပြီ။ ဒါကို လက်ပိုက်ကြည့်နေဖို့ ဘယ်သင့်တော့မလဲ။ပထမဆုံး ရွေးကောက်ပွဲ.... မဲမပေးကြနဲ့လို့ ပြောနေကြတယ်။...

Thursday, August 5, 2010

နည်းနည်းလေးတော့ တွေးသင့်ပြီ

0 comments
အငြိုးအတေးနဲ့ နားမလည်မှုတွေကြားအာဃာတနဲ့ သံသယတွေကြားကိုယ်ချင်းစာစိတ်တွေမဲ့ပြီးကိုယ်မှန်တယ်ထင်ရာ စွဲကိုင်လို့.....။အရာမထင်တဲ့ ဆက်ဆံမှုတွေကြားဟန်ဆောင်လိမ်လည် လှည့်ဖြားမှုတွေကြားမေတ္တာဆိုတာ ဘာမှန်းမသိလူသတ်လက်နက်တွေနဲ့ပဲ ပျော်မွေ့လို့.....။ဒီလိုဒီလိုနဲ့ ကံခေလှတဲ့ ဘဝတွေအပြစ်မရှိ လည်စင်းပေးနေရတဲ့ ဘဝတွေရည်ရွယ်ရာ ဘာမရှိ တုန်လှုပ်နေတဲ့ ဘဝတွေဒီဘဝလေးတွေအတွက် စာနာသင့်ပြီ...။ဒီလိုဒီလိုနဲ့ မထူးခြားလာတဲ့ စတင်မှုတွေတိုးပွားလာတဲ့ မှားယွင်းမှုတွေမငြိမ်းချမ်းမှုများနဲ့ ဒေသတွေဒါတွေ အားလုံးအတွက် ဖြေရှင်းချက် တခုတော့ ရှိသင့်ပြီ....။ညီအကိုချင်း...

Wednesday, August 4, 2010

ကျုံး နှင့် မြို့ရိုး အစိတ်အပိုင်းများ ကျန်ရှိနေသေးသည့် ရှေးမြို့တော်ဟောင်းများ - အပိုင်း( ၂ )

0 comments
ယခင် အပိုင်း( ၁ )တွင် မြို့ဟောင်း (၄) ခုအကြောင်း သိရှိ နားလည်သလောက် တင်ပြခဲ့ပါသည်။ ယခု အပိုင်း( ၂ )တွင် မြို့ကွက် အဝိုင်းပုံသဏ္ဌာန် တည်ရှိခဲ့သော မြို့ဟောင်း (၄) ခု အကြောင်းကို ဆက်လက် တင်ပြချင်ပါသည်။ ဤမြို့ဟောင်း (၄)ခု၏ မြို့ကွက် အနေအထားများကို အပိုင်း( ၁ )တွင် ပါရှိခဲ့သော သရေခေတ္တရာမြို့ဟောင်းနှင့် လည်း နှိုင်းယှဉ်လေ့လာနိုင်ပါသည်။(၅)မိုင်းမော မြို့ဟောင်းမိုင်းမောမြို့ဟောင်းမှာ တွေ့ရှိထားသော မြို့ဟောင်းများထဲတွင် သက်တမ်း အရင့်ဆုံးဖြစ်နိုင်သည်ဟု လက်ရှိယူဆ ထားကြကာ ဘီစီ ၂ ရာစု မှ အေဒီ ၄ ရာစု အတွင်း ထွန်းကားခဲ့သော...