Monday, October 11, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၁)

7 comments

မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် အလှည့် အပြောင်းဖြစ်မယ့် ရွေးကောက်ပွဲကြီး စတင်ပါ တော့မယ်။ တပ်မတော်က ရွေးကောက်ပွဲကို လုပ်ဖြစ်အောင် လုပ်မယ်ဆိုရင် ရွေးကောက်ပွဲဟာ ဖြစ်ကို ဖြစ်လာမှာပါ။ လက်ရှိ ပြည်သူတွေဟာ ဆန္ဒပြ ဆိုတဲ့ စကားကို အရမ်းကြောက်လန့်နေတဲ့အခြေအနေပါ။ သူတို့ဆန္ဒတွေ ပြခဲ့ကြ တယ်။ ရလာဒ်က တပ်က သေနတ်နဲ့ ပစ်တာခံရတယ်။ စစ်တပ်ရဲ့ သူလျှိုလို့ စွပ်စွဲပြီး ခေါင်းဖြတ်တာတွေကို ကြုံခဲ့ရတယ်။ သောက်သုံးရေတွေထဲ အဆိပ်ခတ်တာ ခံခဲ့ရတယ်။ နိုင်ငံမတည်မငြိမ်မှုဟာ ဘယ်လောက်အထိ ဆိုးကျိုးတွေ ဖြစ်စေမလဲဆိုတာ ပြည်သူတွေ ကောင်းကောင်းသိပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ် ခဲ့ပေမဲ့ ရွေးကောက်ပွဲရလာဒ် အတည်ပြုမခံခဲ့ရသလို လက်ရှိအချိန်မှာလဲ အဲဒီ့အချိန်တုန်းက ရွေးကောက်ထားခဲ့ တဲ့ အမတ်တွေရဲ့ အနေအထားဟာ နိုင်ငံကို ဦးဆောင်ဖို့ မစွမ်းသာတော့လို့ ၉၀ ရွေးကောက်ပွဲရလာဒ် ဖော်ဆောင်ပေးဖို့ တောင်းဆိုတာတွေလဲ ရပ်သင့်ပြီ။ အခုအချိန်မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြည်သူတွေ ထဲက နိုင်ငံရေးစိတ်ပါဝင်စားပြီး ပြည်သူ့ကိုယ်စားလှယ် လုပ်နိုင်မယ် လို့ မိမိကိုယ်ကို ယုံကြည်သူတွေဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကိုပါ ရယူနိုင်ဖို့အတွက် အားကြိုးမာန်တက် ဆောင်ရွက် နေကြပါတယ်။ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေနဲ့ အမတ်လောင်းတွေဟာ ပြည်သူကို တကယ် ကိုယ်စားပြုနိုင်မယ့် သူတွေချည်း မဟုတ်ပါဘူး။ ပြည်သူအကျိုးကို တကယ်ထမ်းရွက်မယ့်သူတွေချည်း မဟုတ်ပါဘူး။ ထို့အတူပဲ ပြည်သူကို ကိုယ်စားမပြုနိုင်တဲ့ သူတွေချည်းလဲမဟုတ်ပြန်၊ ပြည်သူအကျိုးကို မထမ်းရွက်နိုင်မယ့် သူတွေချည်းလဲ မဟုတ်ပါဘူး။ ဒီနေရာမှာ တိုင်းပြည်အတွက်ဆိုတာမျိုး ပြောမယ့်အစား.. မိမိအရေးအတွက် မိမိသာလျှင် အကောင်းဆုံးသော ရွေးချယ်မှုကိုပြုကြရမှာပါ။ ဒါဟာ ပြည်သူတိုင်းရဲ့ တာဝန်ဆိုတာထက်... လူသားတဦးအနေနဲ့ မိမိရဲ့ ရပိုင်ခွင့်ကို အကောင်းဆုံး အသုံးချခြင်း မည်ပါတယ်။ လူ့အခွင့်အရေးဆိုပြီး ပြောနေကြတဲ့အထဲက အဲဒီ့လူ့အခွင့်အရေးတွေ ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းတခုလဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လက်မခံနိုင်ဖွယ်ရာ အချက်အလက်တွေ အများကြီးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ရေးသားတင်ပြလိုပါတယ်။ ဖွဲ့စည်းပုံမှာ ယေဘူယျအားဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းကို အခြေခံထားပေမဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာအင်မတန်များနေတာတွေ၊ အလုပ်သမား လယ်သမား စတဲ့အ ခြေခံလူတန်းစားတွေရဲ့ အခွင့်အရေးတွေကို နိုင်ငံတော်အပိုင်းနဲ့ ဆောင်ရွက်ဖြည့်ဆည်း ပေးမယ်ဆိုတာကို အလေးမနက်မထားတာတွေနဲ့ အခြားပြည်သူတွေရဲ့ အဓိက လိုအပ်ချက်တွေကို လျစ်လျူရှု ထားတာတွေ ရှိနေပါတယ်။ ဒါကြောင့် လက်တလော ဖွဲ့စည်းပုံကိုတော့ များသောအစိတ်အပိုင်းများမှာ ပြုပြင် ပြင်ဆင်ရမှာပေါ့။ ဒါကို လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ ပါရင်ပါသလောက် ပြုပြင်ပြောင်းလဲဖို့ အခွင့် အရေးတွေ ရှိနေပါတယ်။ လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အတွက် တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေ ရှိနေပါတယ်။ ဒါကိုလဲ လွှတ်တော်ထဲ မရောက်သေးဘဲ အရမ်းကာရော မဖြစ်နိုင်ဘူးလို့ မလုပ်နေဘဲ လွှတ်တော်ထဲ အရောက်မှာ တပ်မတော်သားတွေကို စည်းရုံးပြီး လက်တွဲလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ တပ်မတော်သားတွေဆိုတာလဲ ပြည်သူတွေ မွေးဖွားထားတဲ့ ပြည်သူ့သားတွေမို့ ပြည်သူ့ကိုယ်စားလှယ်တွေ ကသာ စည်းရုံးပြီး လက်တွဲမယ်ဆို လက်ခံကြမယ့်သူတွေပါ။ ဒါကြောင့် ဖွဲ့စည်းပုံကို လက်မခံလို့ ရွေးကောက်ပွဲ ကို ဆန့်ကျင်မယ်ဆိုတာထက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲမှာ အကောင်းဆုံးသော ရွေးချယ်မှုတွေနဲ့ မဲပေးသင့်ပါတယ်။ အဲဒီ့လိုမဟုတ်ဘဲ ပြည်သူ တွေကိုပါ မဲမပေးပါနဲ့.. ဆန့်ကျင်ဆန္ဒပြကြပါဆိုတာ ပြည်သူကို သေတွင်းထဲ တွန်းပို့သလိုပါပဲ။ ရွေးကောက်ပွဲ မှာတော့ လုပ်ရပ်နှစ်ခုပေါ်မှာ မူတည်ပြီး ရလာဒ်နှစ်ခု ထွက်ပေါ်လာမှာပါ။ ပြည်သူတွေ တိကျသေချာစွာ မှန်မှန် ကန်ကန် စဉ်းစားနိုင်ပြီး မဲပေးရင် နိုင်ငံတိုးတက်ဖို့ ပထမဆုံးခြေလှမ်းတိုးလိုက်တာ ဖြစ်သလို၊ မမှန်မကန် ရွေးချယ်မှုပြုလိုက်ပြီဆိုရင်လဲ သေတွင်းနဲ့မခြား ဖြစ်ပါလိမ့်မယ်။ ကိုယ်က ယုံယုံကြည်ကြည် မဲပေးပြီးခါမှ လွှတ်တော်ထဲ ရောက်တာနဲ့ ပြည်သူတွေကို ဒုက္ခပြန်ပေးလာမယ့် ကိုယ်စားလှယ်တွေ မဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ရွေးကောက်ပွဲ နဲ့ပတ်သက်ရင် အတွေ့အကြုံမရှိတဲ့ ပြည်သူတွေအတွက် မှန် ကန်သော ရွေးချယ်မှုတွေ ဖြစ်ရအောင် မှန်ကန်တဲ့ သတင်းတွေနဲ့ ဖြစ်နိုင်ခြေတွေကို ချပြရမှ ပြည်သူတွေ အတွက် အလုပ်လုပ်နေပါတယ်ဆိုတဲ့ သတင်းမီဒီယာတွေပါ။ ပြည်သူတွေကို သတင်းအမှန်ပေးဖို့ ရယူထားတဲ့ ငွေကြေးတွေနဲ့ မိမိယုံကြည်ရာ အမှန်တရားမလုပ်နေဘဲ သတင်းမီဒီယာတို့တန်ဖိုးထားလေးစားရတဲ့ မည်သည့်ဘက်မှ ဘက်မလိုက်ရေးကို လက်ကိုင်ထားရမယ့် အချိန် ဟာ လက်ရှိအချိန်ပါပဲ။

ပြည်သူတွေ ရွေးကောက်ပွဲကို သိပ်စိတ်မဝင်စားကြပါဘူး။ ဒါအမှန်တရားပါ။ မိမိတို့ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ်။ ဒါကြောင့် ရေတိုအကျိုးရှိမယ့် မဲဆွယ်မှုမျိုးတွေပေါ်မှာ ကျေနပ်မှုတွေ ဖြစ်လာပါလိမ့် မယ်။ ဥပမာ - ငါတို့ပါတီကို မဲပေးရင် လမ်းခင်းပေးမယ်၊ တံတားဆောက်ပေးမယ်၊ လယ်သမားတွေကိုလဲ စိုက်ပျိုးဖို့နဲ့ ပြန်လည် ရောင်း ထုတ်နိုင်ဖို့ အကူအညီတွေပေးမယ်.. အဲဒီ့လို ရေတိုအကျိုးပြ မဲဆွယ်မှုတွေဟာ လွှတ်တော်ထဲရောက်ပြီးရင် ရေရှည်အနေနဲ့ အကျိုးရှိချင်မှ ရှိပါလိမ့်မယ်။ ငွေကြေးတတ်နိုင်တဲ့ ပါတီတွေက ငွေကြေးနဲ့ စည်းရုံးပြီး ငွေကြေးမတတ်နိုင်တဲ့ပါတီတွေကတော့ ရေရှည်စီမံကိန်းတွေ ချပြ မဲဆွယ်ရပါတယ်။ ရေတိုအားဖြင့် အကျိုးအမြတ်နည်းနည်းကို တွေ့ရုံမျှနှင့် ရမ်းမယုံသင့်ပါဘူး။ အဲဒီ့လို အကျိုးအမြတ်နည်းနည်း ပေးဖို့ အကုန်ခံထားရတာနဲ့တန်အောင် ပြည်သူပိုင်တဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လက်ဝါးကြီးအုပ်မယ်ဆိုတာ သင်္ကာမကင်းဖြစ်ရပါမယ်။ အလကားနေရင်း ကိုယ့်အိတ်ထဲက ပိုက်ဆံကို ကိုယ့်အတွက် အကျိုးမရှိဘဲ အကုန်ခံပါ့ မလား။ ဒါကြောင့် ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားတဲ့ပြည်သူတွေကို စိတ်ပါဝင်စားလာအောင် မီဒီယာတွေက တဆင့် လှုံ့ဆော်ပေးရပါမယ်။ ဆိုးကျိုးများတဲ့ လူထုဆန္ဒပြပွဲထက် မှန်မှန်ကန်ကန်သာ ရွေးချယ်ရင် ကောင်းကျိုး များမယ့် ရွေးကောက်ပွဲအတွက် သတင်းလွှင့်ပေးရတာ ပိုပြီး သင့်လျော်ပါတယ်။ ပြည်သူတွေ ပေးလိုက်တဲ့မဲဟာ ၅ နှစ်စာ ပြည်သူကို နှိပ်စက်ခွင့်လက်မှတ် ဖြစ်မသွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မီဒီယာတွေက မလုပ် ပေးနိုင်ဘူးဆိုရင်လဲ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ပြည်သူ့အကျိုးကိုလိုလားသူတို့က တာဝန်ရှိတာ မဟုတ်ပေမဲ့ တာဝန်သိစွာနဲ့ ပြည်သူတွေမှန်ကန်စွာ မဲပေးနိုင်ဖို့အရေး လမ်းပြကူညီဆောင်ရွက်ပေးသင့် ပါတယ်။

ငြိမ်းချမ်းရေးလမ်းအနေနဲ့ လက်ရှိအချိန်မှာ ရေးသင့်ရေးထိုက် တင်ပြသင့် တင်ပြထိုက်တာကို ရေးသား တင်ပြ လိုက်ပါတယ်။ ထို့အတူပဲ... ငြိမ်းချမ်းရေးလမ်းကို လာရောက်လည်ပတ်ပြီး ဒီပို့စ်ကို ဖတ်ရှုသွားတဲ့ စာဖတ်သူတွေ အနေနဲ့လဲ ရွေးကောက်ပွဲကို မဖြစ်စေဖို့ဆိုတာထက် တစ်လတောင် မလိုတော့တဲ့ ရွေးကောက်ပွဲမတိုင်မီမှာ ပြည်သူတွေကို ဘယ်လို ကူညီပေးကြမလဲဆိုတာ စဉ်းစားလုပ်ဆောင်သင့်ပါပြီ။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းရဲ့ ဒီပို့စ်လေးကို မိမိတို့ရဲ့ ကိုယ်ပိုင်ဘလော့ဂ်များမှာ ဖြစ်စေ၊ မြန်မာနိုင်ငံသားတွေ အသုံးများ တဲ့ facebook မှာဖြစ်စေ၊ မေးလ်ဖြင့်ဖြစ်စေ ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ်။ ငြိမ်းချမ်းရေးလမ်းအနေနဲ့လဲ ဒီနေ့ကစပြီး ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ပါတီတွေရဲ့ မူဝါဒတွေကို အတတ်နိုင် ဆုံး စုစည်းတင်ပြပေးပါ့မယ်။ တိုင်းပြည်ရဲ့ အရေးကြီးဆုံးအချိန်မှာ အဓိက လိုအပ်ချက်ကို လက်လှမ်းမှီသမျှ ဖြည့်ဆည်းပေးချင်မိတဲ့ ဆန္ဒအရ ငြူစူသူတွေ ငြူစူမယ် ထောက်ခံသူတွေ ထောက်ခံမယ် လျစ်လျူရှုသူတွေ လျစ်လျူရှုမယ်ဆိုတာကို သိလျက်နဲ့ တိုင်းပြည်ကို သစ္စာစောင့်သိလိုက်ရပါတယ်။


ငြိမ်းချမ်းရေးလမ်းအဖွဲ့သားများ











7 comments:

  • October 11, 2010 at 2:06 PM

    အရမ်းကိုတန်ဖိုးရှိတဲ့ပို့လေးပါ။
    မှန်ပါတယ်။ရွေးချယ်မှုမှန်ကန်ဖိုပဲလိုပါတယ်။
    ဘာပဲပြောပြောလက်ရှိ ပြည်သူတွေဟာ ဆန္ဒပြ ဆိုတဲ့ စကားကို အရမ်းကြောက်လန့်နေတဲ့အခြေအနေပါ။
    မှန်တယ်ကျွန်တော်လဲအဲဒီလိုဖြစ်မှာကြောက်ပါတယ်။
    အဲဒီလိုဖြစ်ခဲ့လဲကျွန်တော်တိုပြည်သူတွေပဲခံရမှာပဲလေ။

    ကိုယ်က ယုံယုံကြည်ကြည် မဲပေးပြီးခါမှ လွှတ်တော်ထဲ ရောက်တာနဲ့ ပြည်သူတွေကို ဒုက္ခပြန်ပေးလာမယ့် ကိုယ်စားလှယ်တွေ မဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။
    ဒီစကားလဲတကယ့်ကိုမှန်ကန်ပါတယ်။ဒါကြောင့်ရွေးချယ်မှုကိုကျွန်တော်တို့ပြည်သူတွေမှန်ကန်ဖို့လိုပါတယ်။
    ခင်မင်စွာဖြင့်
    ဒေါင်မင်း

  • October 11, 2010 at 6:33 PM
    Anonymous :

    ငြိမ်းချမ်းရေးဘလော့က ၁၉၉၀ လောက်က နအဖ ၀ါဒဖြန့် စာစောင် (မြက်ခင်းသစ်) အဆင့်ဘဲ။ အဆင်မမှီ ညံ့သေးတယ်။ ၀ါဒဖြန့်နည်း အသစ်တွေလေ့လာ ကျိုးစားလိုက်ပါဦး။

  • October 11, 2010 at 9:16 PM
    စောနန်းမွန် :

    ကျေးဇူးတင်ပါတယ် (ကို)ဒေါင်းမင်းရေ ... ကိုယ်ယုံကြည်ရာကို မလွှတ်တမ်းကိုင်စွဲထားမယ့်အစား မှန်ကန်သောရွေးချယ်မှုကို ပြုရမယ်ဆိုတာ တဦးတယောက်တည်းသာ မကဘဲ အားလုံးနားလည်ဖို့ ကြိုးစားရမှာပါ။ လောကီရေးရာမှာ လူတိုင်းအမြဲတမ်း အရာတခုကို တသမှတ်တည်း မှန်တယ်လို့ ဆုပ်ကိုင်ထားလို့မရတဲ့အတွက် အကောင်းဆုံးသော အဖြေတခုကို ရှာဖွေရမှာပေါ့...

    ခင်မင်စွာဖြင့်
    စောနန်းမွန်

  • October 11, 2010 at 10:18 PM

    ကျွန်တော်ပြည်တွင်းမှာပဲနေပါတယ်။ သာမန်ပြည်သူ တစ်ယောက် ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့တော့ နီးစပ်မှု သိပ်မရှိပါဘူး။
    ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စိတ်ဝင်စားလို့ Blog တွေကို လိုက်ဖတ်ကြည့်ပါတယ် ပြည်သူတွေရဲ့ သဘောထားနဲ့ ဝေးကွာနေသလိုထင်မိပါတယ်။
    ငြိမ်းချမ်းရေးလမ်းကတော့ ပြည်သူ အများစုရဲ့ ဆန္ဒနဲ့ တူညီနေတယ်လို့ ခံစားမိပါတယ်။

    လေးစားလျှက်
    ပင်းယဦး

  • October 12, 2010 at 8:53 AM
    Anonymous :

    အဆင့်အတန်းညံ့ဖျင်းလှတဲ့ယုတ်မါညစ်ညမ်းသေါအရေးအသါးများ တဘက်စေါင်းနင်းပြောဆိုမှု့များ နအဖနောက်လိုက်စွတ်စွဲချက်များနှင့်ငုင်းကိုအခြေပြုရ်ျဒီမို
    အော်နေသူလက်တဆုတ်စါများလါရောက်ရ်ျရေးသါးမည်ကို
    ကြိုတင်သတိပြုကြပါရန်။
့ငြိမ်းချမ်းရေးနှင့်တရားမျှတမှု့ကိုလိုလါးသည့်မြန်မါတိုင်းရင်းသါးများအါးလုံးလက်ခံသော်လည်းလက်တဆုတ်စါ အမှိုက်ဖွသူများအါဏါရရှိရေးကိုအမျိုးသါးရေးထက်ရှေ့တန်းတင်သည့်အဖွဲ့များသည်မြန်မါပြည်ကေါင်းစါးမည်ကိုမလိုလါးကြပါ။ ကေါင်းစေချင်သည့်အါးထုတ်မှု့များကိုလဲနည်းမျိုးစုံဖြင့်ဒီမိုအကြောင်းပြကါဖျက်ဆီးရန်လုပ်ကြပါလိမ့်မည်။ မှန်ရ့င်ပြောင်းရဲသည့်သတ်တိနှင့်ပြည့်စုံသူများ လူကေါင်းများလါလျင်တိုင်းပြည်ကေါင်းမည်။
    သါမန်လူသါး

  • October 12, 2010 at 10:32 AM
    Anonymous :

    ဒီဘလော့လေးက အရမ်းတန်ဖိုးရှိတဲ့ ဘလော့လေးပါ။ နအဖဘောမ အဖွဲ့သားတွေ အားအားယားယား တယောက်ဖင် တယောက်နမ်း နေကြပါတယ်။

  • October 12, 2010 at 5:00 PM
    စောနန်း :

    သာမာန်လူသားရေ...
    စောနန်းတို့ ဒီဆိုက်ဒ်ကို စလုပ်ထဲက ဘယ်ဘက်က ဖြစ်ဖြစ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို ခံရမယ်ဆိုတာကို သိထားပါတယ်။ အခု ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရေးသားတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အမြင်ကျဉ်းမှုနဲ့ အခြေအနေမှန်ကိုမသိလို့ လက်မခံနိုင်သူတွေကို သည်းခံရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်လဲ ရှိနေပါတယ်။ မြန်မာနိုင်ငံထဲမှာ ဘာတွေဘယ်လိုဖြစ်ပြီး ပြည်သူတွေ ဘယ်လို ခံစားနေရတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုယ်တိုင်နေထိုင်လေ့လာထားတဲ့လူတွေပဲ သိနိုင်ပါတယ်။ ဟိုးနိုင်ငံရပ်ခြားကနေ ပြည်သူတွေ လိုတာ ဒါမဟုတ်ဘူးလို့ အော်ဟစ်တာကို တုံ့ပြန်ဖို့ စောနန်းရော၊ အခြားငြိမ်းချမ်းရေးလမ်းအဖွဲ့သားတွေ အားလုံးမှာ စဉ်းစားချိန်မရပါဘူးရှင်..။

    လေးစားစွာဖြင့်
    စောနန်းကေသရာ (ခ) စောနန်းမွန်