Tuesday, November 9, 2010
ကျွန်မတို့ မရှုံးသေးပါ
6 comments
ကဲ... မဲတွေလိမ်လိုက်ပါပြီ။
မဲတွေကို ဆိုးဆိုးရွားရွားလိမ်လိုက်ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်တွေ၊ ပါတီတွေတင် မကဘဲ ရွေးကောက်ပွဲအပေါ်ပုံအောယုံကြည်ခဲ့တဲ့ ဂျာနယ်တွေနဲ့ ကျွန်မတို့ ပြည်သူတွေ အားလုံး စိတ်ဓါတ်ကျကြတယ်။ ကျွန်မ စောနန်းမွန် ကတော့ စစ်ရေးကို စိတ်ဝင်စားခဲ့တဲ့အတွက် ရွေးကောက်ပွဲကနေ ခဏလေး အာရုံလွဲသွားမိပါတယ်။ လက်နက်ကိုင်တဲ့ တော်လှန်ရေး ကို လက်မခံတဲ့ စောနန်းမွန်တယောက် တိုက်ပွဲဖြစ်တယ်ဆိုတဲ့အချိန်မှာ ရင်ထဲက မေတ္တာတရားတွေ ပျောက်လုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ငြိမ်းချမ်းရေးလမ်း အဖွဲ့သားတွေအပါအဝင် ပြည်သူအားလုံးရဲ့ ခံစားချက်တွေကို လျစ်လျူရှုမိနေတဲ့ ကိုယ့်အခြေ အနေကို ကိုယ် ပြန်သိလိုက်ရတာတော့ ငြိမ်းချမ်းရေးလမ်း အဖွဲ့သားတယောက်ရဲ့ ကျေးဇူးပါ။ မဲတွေ လိမ်လိုက်တဲ့အခါ သူတို့ i vote လုပ်ခဲ့တာ၊ i vote ကို ကူညီထောက်ပံ့ခဲ့တာတွေအတွက် နောင်တမရပေမဲ့ စိတ်ထဲ တနုံ့နုံ့ ဖြစ်ကြရတယ်တဲ့။ ဒါကြောင့် အရမ်းကို ဝမ်းနည်းနေတဲ့ ငြိမ်းချမ်းရေးလမ်းရဲ့ အဖွဲ့သားတယောက်အပေါ် အားပေးဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ သူ့ကိုတင် အားပေးရမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အရွေးခံ ကိုယ်စားလှယ်တွေ၊ ပါတီတွေနဲ့ ဂျာနယ်တွေ အားလုံးကို အားပေးဖို့ရန် ဖြစ်လာပါတယ်။
ပထမဆုံး ကျွန်မရဲ့ ရွေးကောက်ပွဲအပေါ်ထားရှိခဲ့တဲ့ သဘောထားကို တင်ပြပါမယ်။ ရွေးကောက်ပွဲမတိုင်ခင် နှစ်လ အလိုအထိ ကျွန်မ No vote နဲ့ i vote ကို လွန်ဆွဲခဲ့ပါတယ်။ တကယ် ပြောင်းလဲနိုင်မှာလား။ ဆိုတဲ့ မေးခွန်းကို ကိုယ်ဟာကိုယ် မေးခဲ့ပါတယ်။ မဲလိမ်မယ်ဆိုတဲ့ အနေအထားကိုလဲ ကြိုတင်ပြီး တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ငါတို့ ပြည်သူတွေ ညီရင် မဲလိမ်ရင်လဲ ငါတို့ နိုင်မှာပဲဆိုတဲ့ အတွေးနဲ့ ကျွန်မ i vote ဘက် မှာ ရပ်တည်ခဲ့ပါတယ်။ ကျွန်မမှာ ဘယ်သောအခါမှ နောင်တဆိုတာ မရှိဘူးဆိုတာလဲ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ့အချိန်က ကျွန်မရဲ့ ယူဆချက်တွေကတော့
i vote မှာ မဲလိမ်ခဲ့ရင်တောင် ကျွန်မတို့ လုပ်နိုင်တဲ့ အခြားလုပ်ငန်းစဉ်တွေ အများကြီး လုပ်နိုင်သေးတဲ့ အတွက်ပါ။ နောက်တခုက ပြည်သူတရပ်လုံး မဲထည့်လာခဲ့ရင် ဘယ်နည်းနဲ့မှ လိမ်လို့ မရဘူးဆိုတဲ့ ယုံကြည်ချက်လဲ ရှိခဲ့ပါတယ်။
No vote ကတော့ ရွေးကောက်ပွဲကို ပစ်ပယ်မယ်ဆိုလိုက်တာနဲ့ တပြိုင်နက်တည်း လူထုလှုပ်ရှားမှုကို ဦးတည် သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ ရုန်းရင်းဆန်ခတ်နဲ့ ဘဝတွေ မိသားစုတွေ အသက်တွေ စတေးရဦးမယ့် အနေအထားကို ဘယ်နည်းနဲ့မှ လက်မခံနိုင်တဲ့အတွက်ပါ။ ၈၈ က တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ခေါင်းတွေဖြတ်၊ အဆိပ်တွေခတ် အဲဒီ့ဒဏ်တွေကို ပြည်သူကို ထပ်ခံစေချင်သလား။
ဒါတွေကို တွေးခဲ့လို့ i vote ကို ပြတ်သားစွာ ရွေးချယ်ခဲ့ပါတယ်။
အခု မဲတွေ လိမ်လိုက်တဲ့အခါမှာတော့ နံပါတ် (၁)အနေနဲ့ မဲလိမ်ခံလိုက်ရတဲ့ အကြောင်းရင်းကို တင်ပြချင် ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ မညီညွတ်မှုတွေကြောင့်ပါ။ ဟုတ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ရက်မှာ No vote တွေ အောင်မြင်ခဲ့တယ်လို့ အင်တာနက်ပေါ်မှာ တွေ့ရတယ်လို့ တဆင့် ကြားသိခဲ့ရပါတယ်။ ဟုတ်ပါတယ်။ No vote တွေ အဆင့်တဆင့်အထိ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်လဲ မဲတွေ မတန်တဆ အလိမ် ခံလိုက်ရတာပါပဲ။ ဒါကို သက်သေခံပေးနေတာ ကျွန်မတို့ သျှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကပါ။ ပြည်မမှာတော့ အလိမ်ခံလိုက်ရပြီး ကိုယ်စားလှယ်တွေ မဲရသင့်လျက်နဲ့ ကြိုတင်ကြံစည်မဲလို့ နာမည်တပ်လိုက်ချင်တဲ့ မဲတွေကြောင့် ရှုံးနိမ့်ခဲ့ရပါ တယ်။ ဒါပေမဲ့ အဲဒီ့နေ့မှာသာ ကျွန်မတို့ ပြည်သူတွေ အားလုံး မတွေမဝေ မဲထည့်ခဲ့ မယ်ဆိုရင် သျှမ်းနဲ့ ရခိုင်လို ရလာဒ်ကောင်းတွေ ရခဲ့မှာပါ။ ဘယ်လောက်လိမ်လိမ် လိမ်လို့မရတာ အားလုံးရဲ့ ညီညွတ်ခြင်းကြောင့်ပါ။ မွန်ပါတီက MAU ကို ပြောခဲ့ပါတယ်။ No vote တွေ လိုက်လုပ်နေတာ ပါတီကို ထိခိုက်မှု တွေ ရှိလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ အခုပဲ ထိခိုက်သွားရပါပြီ။ ကျွန်မတို့ No vote သမားတွေကို တောင်းပန် ခဲ့ပါလျက်နဲ့ ကိုယ့်အတ္တတွေနဲ့ကိုယ် ပြည်သူကို ထိခိုက်စေခဲ့ပါပြီ။ ပြီးတော့ တချို့မဲဆန္ဒနယ်တွေမှာ ကြိုတင်မဲဆိုတာ ကြိုတင်မဲ အစစ်မဟုတ်ဘဲ မဲမပေးတဲ့ လူတွေရဲ့ မဲအရေအတွက်ကို ကြိုတင်မဲ လုပ်ပစ်တာ ရှိနေတယ် ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်၊ အဲဒါ No vote ရဲ့ ကျေးဇူးပါပဲ၊။
ထူးခြားချက်အနေဖြင့် မူဆယ်မြို့နယ်နောင်ဆိုင်ကျေးရွာအုပ်စု မဲရုံတွင် မဲပေးပိုင်ခွင့်ရှိ အားလုံးလာရောက် မဲပေးသွားကြပြီး ကြိုတင်မဲ လာရောက်ကောက်ယူစဉ်က မထည့်နိုင်ကြောင်း ငြင်းဆန်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှ ထည့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သော ကျေးရွာအုပ်စုဖြစ်သည်။မူဆယ်မြို့နယ် နောင်ဆိုင် ကျေးရွာအုပ်စုက ဒေသခံတွေလောက် ပြည်သူတွေကို အဲလောက် အသိရှိအောင် လုပ်ပေးနိုင်ရင်ဘယ်လိုမှ လိမ်ရမှာ မဟုတ်ခဲ့ ပါဘူး။
မဲလိမ်နေပေမယ့် သျှမ်းနဲ့ ရခိုင်နိုင်ခဲ့တဲ့အတွက် ပြည်မဒေသတွေဟာ No vote ကန်ပိန်းကြောင့် ရလာဒ် ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ငြင်းလို့ မရတော့ပါဘူး။ ကဲ.. ဘာမှ ပြန်ပြီး လုပ်ဆောင်လို့ မရတော့ပါဘူး။ No vote တွေရဲ့ အောင်ပွဲခံမှုဟာ ပြည်သူတွေရဲ့ ဒုက္ခနဲ့ ရင်းထားရတယ်ဆိုတာလေးပဲ သက်သေပြချင် မိပါတယ်။
I vote များ
မိတ်ဆွေတို့ အားလုံးရဲ့ I vote ဟာ အကျိုးရှိပါတယ်။ ကျွန်မတို့ လက်မဲ့မဟုတ်သေးဘဲ လုပ်ဆောင်နိုင်တဲ့ အရာတွေ ရှိအောင် I vote က ကူညီပေးခဲ့တာပါ။ I vote သာ မလုပ်ခဲ့ရင် ပြည်သူအားလုံး ရွေးချယ်စရာမရှိ ဆန္ဒပြမှုကိုသာ ရောက်ရှိစေခဲ့မှာပါ။ ခုတော့ I vote တွေရဲ့ ကျေးဇူးကြောင့် ကျွန်မတို့ ဒီမိုကရက်တွေရဲ့ အနိုင် ကို ကျွန်မတို့ သိရှိခဲ့ရသလို လိမ်လည်မှုသက်သေတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့် I vote တွေ အားလုံးဟာ အကျိုးရှိတဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့သူတွေအဖြစ် သမိုင်းက မှတ်တမ်းတင်ထားပါလိမ့်မယ်။
စိတ်ဓါတ်မကျနဲ့
အမျိုးသားဒီမိုကရေစီ အင်အားစု၊ တစည စတဲ့ ပါတီတွေ လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ်ရှင်။ ရွေးကောက်ပွဲကော်မရှင်ကို ပထမအဆင့် သွားသင့်ပါသေးတယ်။ ဥပဒေအရ လုပ်ဆောင်နိုင်တာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီအချိန်မှာ ဆန္ဒပြဖို့ ဆိုတဲ့အဆင့်အထိ မရောက်သင့်သေးပါဘူး။ ဒီနေရာမှာ ဆန္ဒပြမယ် ဆိုတာနဲ့ ပတ်သက်လို့ ဆန္ဒပြတယ်ဆိုတာ နောက်ဆုံးအဆင့် ဦးနှောက်ဉာဏ်ကို မသုံးနိုင်တော့၊ အချက်အလက်တွေ မခိုင်မာတော့တဲ့အခါမှာ ပြုလုပ်ရမယ့် အင်အားသုံးအဆင့်ပါ။ ကျွန်မတို့ လုပ်နိုင်စွမ်း အရည်အချင်းတွေ အရည်အသွေးတွေ ကုန်ဆုံးမသွားသရွေ့ ဆန္ဒပြပွဲဆိုတာကိုလဲ မလုပ်သင့်သေးဘူးဆိုတာ တင်ပြချင်ပါတယ်။ ဆန္ဒပြဖို့ ဦးတည်နေတဲ့လူတွေ သည်းခံကြပါကုန်။ ကျွန်မတို့ ပြည်သူအားကို ချိနဲ့စေခဲ့သူ တိုင်းဟာ ကျွန်မတို့ရဲ့ ရန်သူတွေဆိုရင် ကျွန်မတို့ပြည်သူမှာ မိတ်ဆွေဆိုတာ ပြည်သူတွေချည်း သီးသန့်သာ ရှိတော့မှာ ဖြစ်တဲ့အတွက် ဘယ်သူ့ရဲ့ တိုက်တွန်းချက်ကိုမဆို အောင်မြင်ဖို့အတွက် လမ်းမှာ တွေ့တဲ့ အခက်အခဲလို့ ထင်မှတ်ကြရအောင်လားရှင်။ မဲပေးချိန်မှာ မညီညွတ်ခဲ့လို့ အခုအချိန်မှာတော့ ပါတီတွေ၊ သတင်းဂျာနယ်တွေ၊ ပြည်သူတွေ တညီတည်း အေးချမ်းစွာနဲ့ ကြိုတင်မဲဖျက်သိမ်းပေးဖို့ကိစ္စကို ပထမအဆင့်ထား လုပ်ဆောင်ကြရအောင်။ ဒါမှ မရသေးရင် တဆင့်ထပ်တိုးတာပေါ့။ တခုတော့ သတိပေးလိုက် ချင်တာက ဆန္ဒပြတယ်ဆိုတာ ကျွန်မတို့မှာ အခြားလုပ်နိုင်တဲ့ အရည်အချင်းတွေ မရှိတော့မှသာ လုပ်ဆောင်ရ မယ့် အင်အားသုံးလုပ်ငန်းတခုဖြစ်ကြောင်းဆိုတာပါ။ ကျွန်မတို့တွေ အရည်အချင်းမမဲ့သေးပါဘူးနော်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေ၊နဲ့ အတူ ရဲရဲဝံ့ဝံ့ ပြည်သူ့ရှေ့ရပ်တည်ခဲ့တဲ့ Eleven ဂျာနယ်၊ Voice ဂျာနယ်၊ အနုပညာရှင်များ၊ I vote သမားများနဲ့ ရင်ထဲက အမှန်တကယ်မဲများကို ထည့်ခဲ့တဲ့ ပြည်သူတွေ အားလုံးကို လေးစားရင်း ကျွန်မတို့ မရှုံးသေးပါဘူးလို့ပြောကြားပါရစေ။ အားလုံး စိတ်ဓါတ်မကျဘဲ နောက်ထပ် တဆင့် ထပ်လှမ်းမယ်။ ကျွန်မတို့ရဲ့ သျှမ်းနဲ့ ရခိုင်က ပြည်သူတွေ ညီညွတ်မှုအတွက်လဲ ဂုဏ်ပြုလိုက်ကြ ရအောင်။
(ကျွန်မတို့အားကိုးနိုင်မယ့် လွှတ်တော်တက်ခွင့်ရမယ့် သျှမ်းနဲ့ ရခိုင်တို့ကိုလဲ ငဲ့ညှာပေးကြပါ။ သူတို့ဒေသက သူတို့ပြည်သူတွေပေးခဲ့တဲ့ရလာဒ်ကို သူတို့ပီတိဖြစ်နေချိန်မှာ ကိုယ့်ဒေသရဲ့ မညီညွတ်မှုကြောင့် ရှုံးနိမ့်ခဲ့ရမှု အတွက် ဒေါသတွေ ပွားမနေဘဲ အကောင်းဆုံးလမ်းကို ရွေးလျှောက်ကြပါရှင်)
စောနန်းမွန်
6 comments:
  • November 10, 2010 at 12:52 PM
    ဒေါင်းမင်း :
    အင်းဘယ်လိုပဲဖြစ်ဖြစ်ပါလေ။လောလောဆယ်ကျွန်တော်စိတ်ဝင်စားနေတာ
    ရွေးကောက်ပွဲမဟုတ်တော့ဘူး။စစ်ရေးဖြစ်နေတယ်။
    ကရင်ပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေမှာအပြီးသတ်
    အောင်နိုင်ငြိမ်းချမ်းဖို့ပါပဲ။တိုက်ပွဲတွေဖြစ်နေသရွေ့
    ပြည်သူတွေဒေသခံလူတွေဒုတ်ခရောက်နေအုံးမှာပဲလေ။
    ဒါကြောင့်ပါ။ဘာပဲပြောပြောတိုင်းပြည်မှာလက်နက်ကိုင်
    အဖွဲ့စည်းတစ်ခုပဲရှိသင်တယ်ဆိုတာပါ။
    ခင်မင်စွာဖြင့်
    ဒေါင်းမင်း
  • November 10, 2010 at 1:09 PM
    စောနန်းမွန် :
    :D.. စောနန်းလဲ စိတ်ဝင်စားတယ်နော်... ဒါပေမဲ့ စောနန်း အဖွဲ့ က ကျွန်မကို ရွေးကောက်ပွဲဆီ ပြန်လှည့်ခိုင်းနေလို့... အမြန်ဆုံး အောင်နိုင်ငြိမ်းချမ်း ပါစေ.. သမိုင်းမှတ်တမ်းတခုအဖြစ် မှတ်သားထားရမယ်။ စောနန်းဆီမှာ အချက်အလက် အချို့ ရထားတယ်. ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး.. အချိန်ရရင် စောနန်းပို့ပေးထားမယ်။
  • November 10, 2010 at 1:52 PM
    Anonymous :
    မဲလိမ်တယ်ဆိုတါအါရှမှာသိတ်တေါ့မထူးဆန်းပါဘူး သို့သော်မရှိရင်တေါ့အကေါင်းဆုံးပေါ့။ သမိုင်းကသက်သေပြသွါးမှာပါ။ပြည်ခိုင်ဖြိုးလဲအချိန်တန်ရင် ကွဲမှာပါ။ နောက်၅နှစ်ပါဘဲ။ဒီ၅နှစ်တွင်းမှာ ညီညီညွတ်ညွတ်နဲ့ခိုင်ခိုင်မါမါဖြစ်အေါင်လုပ်နိုင်ကြရင် နိုင်ငံတကါအခြေအနေပြည်တွင်းအခြေအနေတွေနဲ့အညီတစုံတခုသေါပြောင်းလဲမှု့ကြိမ်းသေကိုဖြစ်ရမယ်။ အနိမ့်ဆုံးအဆင့်တေါ့တချို့သေါသူများလွှတ်တော်ထဲရောက်ပြီ။သူတို့အသံတွေကြားနိုင်ပြီ။ လူထုရဲ့အမြင်ကိုလဲတနည်းတဖုံတေါ့တင်ပြနိုင်ပြီ။ လုပ်ချင်ရာလုပ်ဆိုတဲ့ကါလကနေလုပ်ချင်ရာကိုအနိမ့်ဆုံးစဉ်းစါးပြီးမှလုပ်ရဲတဲ့အဆင့်ရောက်တယ်ဆိုရင်တေါင်မြန်မါပြည်တွက်အရှုံးမရှိပါဘူး။ သို့သော်ပြည်တွင်းသေါင်းကျန်းမှု့ကိုတေါ့ တော်တော်ကိုသတိထါးရပါမယ်။ ၂နှစ်တွင်းတေါ့စစ်တိုက်နေရမယ်လို့ထင်တယ်။ ဒီတချီအပြတ်ကိုလုပ်မယ်ဆိုတါကျိန်းသေပါတယ်။အဲဒါနဲ့အတူနိုင်ငံရေးပြောင်းလဲမှု့ကိုဖော်ဆေါင်ပါလိမ့်မယ်။ ရှေ့လါမဲ့၂နှစ်တွင်းမှာ စစ်အခြေခံနိုင်ငံရေးကစါးမှု့တွေကိုမလွဲမရှောင်သါတွေ့မြင်ရမယ်။ နိုင်ငံရေးသမါးတွေဘယ်လိုရပ်တည်သလဲပေါ်မူတည်ပြီး တပ်ကထေါက်ခံမှု့ကိုဆက်လက်ရယူဘို့ရှိပါလိမ့်မယ်။ အဲတေါ့ဂွင်ကိုနားလည်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက်အကေါင်းဆုံးလုပ်နိုင်ကြပါစေလို့ဘဲဆုတေါင်းပါတယ်။
    သါမန်လုသါး
  • November 12, 2010 at 3:54 PM
    Anonymous :
    အထက်ကမှတ်ချက်ကိုထပ်စွက်ရရင် ပိတေါက်မြေဆိုတဲ့ ဘလေါ့ဂ်မှာတော်တော်လေးကိုအသေးစိတ်လေ့လါထါးတါဖတ်ရပါတယ်။ ကြိုတင်မဲဆိုတဲ့အကြောင်း။ ရာခိုင်နှုံးနဲ့ကြည့်ရင်မဖြစ်စလေါက်ပါဘဲ။ ဟိုဘက်ကပြောတါ ၂နဲ့စါး ဒိဘက်ကပြောတါ၂နဲ့စါးပြီး ကိုယ်တွေ့မြင်တွေ့နဲ့ချိန်ထိုးကြည့်ဘို့ပါဘဲ။
    သါမန်လူသါး
  • November 15, 2010 at 6:30 PM
    ဒေါင်းမင်း :
    အင်းထပ်ဖတ်ဖြစ်တယ်ဒီပို့လေးကို။အထက်ကမိတ်ဆွေ
    တွေပြောသလိုပဲ၊ပြည်တွင်းသောင်းကျမ်းသူတွေကိုတော့
    နှစ်နှစ်ကျော်လောက်ရှင်းရမယ်။ဒီတစ်ခေါက်ပြည်တွင်း
    သောင်းကျန်းသူအဖွဲ့စည်းအားလုံးကိုရှင်းလင်းနိုင်ပါစေ
    ဆုတောင်းရမှာပဲ။မဟုတ်ရင်ရွေးကောက်ပွဲဘယ်လိုပဲ
    အောင်မြင်နေနေ၊ပြည်တွင်းမငြိမ်းချမ်းရင်ဘာမှလုပ်မရဘူး
    အခုမငြိမ်းချမ်းတော့သောင်းကျမ်းသူနေထိုင်တဲ့ဒေသတွေ
    ကိုလွပ်လပ်စွာလေ့လာခွင့်မရရှိဘူး။ဒါတွေကိုမြင်ရမယ်။
    ခက်တာကမြန်မာအတိုက်အခံတချို့ကအရူးတွေလို့မြင်
    တယ်။ဒေါ်စုမလွတ်ခင်တိုက်ပွဲသတင်းတွေမှာသောင်း
    ကျမ်းသူဘက်အားပေး၊မြောက်ထိုးပင့်ကော်လုပ်၊
    အခုဒေါ်စုလွတ်လာတော့တိုက်ပွဲသတင်း၊တွေ
    သောင်းကျမ်းသူတွေကိုထောက်ခံတာတွေမတွေ့ရတော့
    ဘူး။ဒါကြောင့်ပြည်ပကမြန်မာအတိုက်အခံအချို့က
    ကောက်ရိုးမီးလို့ပြောချင်တယ်။ဒါကြောင့်လဲအောင်မြင်
    မှုကိုအလှမ်းဝေးနေရတာ။အခုလဲဒေါ်စုဘန်းပြပြီး
    မရှိ။
  • November 16, 2010 at 4:23 AM
    Anonymous :
    ပုဂ်ဂိုလ်ရေးအခြေခံတဲ့ ပါစင်နယ်တီကါ့တ် နိင်ငံရေးဖြစ်နေသရ်ျ သူတို့ပြောတဲ့ဒီမိုကရေစီဆိုတါနဲ့ဝေးနေအုန်းမှာပါဘဲ။ ပုဂ်ဂိုလ်ဟါအရေးကြီးပါတယ် သို့ပေသိအဓိကမဟုတ်ဘူး။ မြန်မါမှာရိုင်းရိုင်းပြောရရင်ကျွန်စိတ်မကုန်သေးတဲ့နိုင်ငံရေးသမါးအမည်ခံ ဝေလေလေတွေများနေတယ်။ ခံစါးချက်များပြီးခံယူချက်နဲတယ်။ ပြောရရင်ယေဘုံယျသဘေါအါးဖြင့်တပ်နဲ့ပါတ်သက်ရာပါတ်သက်ကြောင်းတွေကကွန်ဆါးဗေတစ်ဆန်ပြီး ဆန်ကျင်နေသူအများစုဟါ လစ်ဗရယ်ပုံစံရှိတယ်။ အဲဒီအစွန်း၂ခုလုံးဟါရေရှည်မကေါင်းဘူးလို့ပြောရမယ်။ တည်ဆေါက်ရေးကါလမှာလိုအပ်တဲ့ခေါင်းဆေါင်မှု့မျိုး ဟြါ့ငိမ်းချမ်းရေးကါလမှာ အံမ၀င်ခွင်မကျဖြစ်တတ်တယ်။ အဲသလို့ငြိမ်းချမ်းရေးကါလခေါင်းဆေါင်မှု့ဟါတည်ဆေါက်ရေးကါလမှာအစွမ်းမဲ့တတ်တယ်။ ဘက်စုံရတဲ့ခေါင်းဆေါင်ဆိုတါ အတော်ရှားပါတယ်။ လူထုရဲ့အကျမ်းဖြင်းပညာအရည်အချင်း နိုင်ငံရေးလူမှု့ရေးအသိနဲ့စီးပွါးရေးနဲ့လူုတန်းစါးအမြင်တွေကိုပိုင်ပိုင်နိုင်နိုင်သုံးသတ်ပြီးမှဘယ်ကွေ့ဘယ်တက်နဲ့လှော်သင့်တယ်ဆိုတါသိတဲ့အဖွဲ့အစည်းနဲ့ခေါင်းဆေါင်မှု့သည်သါနိုင်ငံနဲ့လူမျိုးတိုးတက်ကြီးပွါးအေးချမ်းခိုင်မါအေါင်လုပ်နိုင်ပါလိမ့်မယ်။ ပြောရရင်ဒို့အရေးသမါးတွေထဲမှာ မမြင်မိပါဘူး။ ၂၂နှစ်စေါင့်ကြည့်ဘူးပါတယ်။
    သါမန်လူသါး