Friday, July 16, 2010
ယဉ်ကျေးမှုကို ၀ံ့ကြွားလိုက်ပါ...
8 comments
မြန်မာ့ယဉ်ကျေးမှုနဲ့ လက်ရှိမြန်မာအမျိုးသမီးလေးတွေ၏ အခြေအနေပေါ်တွင် မူတည်၍ ကျွန်မ ကိုနေသူရိန် နှင့် ဆွေးနွေးထားခြင်း ဖြစ်ပါသည်။
ဖြူစင်လွန်းပါ၍
မွန်မြတ်သည့် မျိုးဂုဏ်အင်
အဖိုးမဖြတ်နိုင်တဲ့ ဣနြေ္ဒ
ကုဋေများစွာ ထိုက်ပါသည့်
မြန်မာ့ပတ္တမြား ဣတ္ထိယများ။
နေသူရိန်:
ရောက်ပါပြီ စောနန်းရေ
စော:
မှန်ပါ့
ကိုသူရိန်……စောနန်း တင်ထားတဲ့ ကဗျာလေးနဲ့ပတ်သက်ပြီး သူရိန် ဘယ်လိုဝေဖန်ချင်ပါလိမ့်
နေသူရိန်:
ခြေတလှမ်းတင် ကုဋေတသန်း ထိုက်မှတော့ ဣနြေ္ဒရှင် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်အင်ဟာ တန်ဖိုးဖြတ်လို့ ဘယ်ရနိုင်ပါ့မလဲ စောနန်းရေ
စော:
သို့ပေမဲ့ ကိုသူရိန်ရယ်... စောနန်းတို့ မြန်မာအမျိုးသမီးများ ခုခေတ်မှာ တော်တော်မလွယ်ဘူး ရှင်
နေသူရိန်:
ဘယ်လိုများကြောင့် မလွယ်ရသလဲ စောနန်းရယ်
စော:
မြန်မာ့သိက္ခာမြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရမှာကို မေ့လျော့နေတယ်လို့ စောနန်း ထင်မြင်မိပါတယ် ကိုသူရိန်ရယ်
နေသူရိန်:
ဒါကတော့ သူတပါးယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှု၊ ထိုးဖေါက်မှုနဲ့ အတူ ကိုယ်တိုင်ကလည်း ယဉ်ကျေးမှု ကိုယ်ခံစွမ်းအား နိမ့်ပါးလာကြလို့ ဖြစ်ပေလိမ့်မယ်
စော:
နောက်တကြောင်းက ဒီလိုလေးများ တို့ ပြောမိလိုက်လျှင် ထိုအမျိုးသမီးငယ်လေးတွေက ဒီလိုစကားနာထိုးတတ်ကြတယ်
နေသူရိန်:
ဘယ်လိုများလဲ စောနန်းရဲ့
စော:
မမတို့က ခေတ်နောက်ကျတယ်ဆိုလားပဲ
ဒါမှမဟုတ် အမြင်ကျဉ်းတယ်တဲ့
နေသူရိန်:
သြော် ဂလိုဘယ်လိုက်ဇေးရှင်းကို ကန့်လိုက်တိုက်တယ်လို့များ ဆိုကြလေဦးမလား မသိ
စော:
တကယ်တော့ စောနန်း ပြောလိုက်မိရင်ဖြင့် ကလေးမများ စိတ်ဆိုးဦးရော့မယ်
တကယ်အမြင်ကျဉ်းတာက ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မချစ်တတ်တဲ့ သူတွေပါ ကိုသူရိန်ရေ
နေသူရိန်:
ဒါပေမယ့် စောနန်းရေ ကျွန်တော်တို့မှာ မြင်သာ ထင်သာရှိတဲ့ စစ်ရေးတည်ဆောက်မှုတွေ လုပ်ကြတယ်၊ ကိုယ့်နိုင်ငံကို စစ်ရေးအရ ကာကွယ်ဖို့တွေ လုပ်ကြရတယ်၊ ဒါပေမယ့် လွတ်လပ်ရေး ရပြီးတဲ့ အနှစ် ၆၀ ကျော်အတွင်း၊ အထူးသဖြင့် ဒီဘက်ခေတ် အနှစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ တိုင်းပြည်မှာ အဓိက စိန်ခေါ်ခံနေရတာဟာ hard power မဟုတ်ဘူး၊ ယဉ်ကျေးမှု၊ စီးပွားရေး အစရှိတဲ့ soft power တွေပဲ၊ ဒီလိုပြဿနာတွေကို ကိုင်တွယ်မှ ဖြစ်ပါလိမ့်မယ်
စော:
မှန်ပါ့ ကိုသူရိန်... တကယ်က တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတာကမှ ကျွန်ဖြစ်တာ မဟုတ်ပါဘူး... သူတပါးယဉ်ကျေးမှု သူတပါးထုံးစံအောက် ရောက်တာနဲ့ ကျွန်ဖြစ်ရတယ်ဆိုတာ နားလည်ဖို့ သင့်ပါတယ်ရှင့်...
နေသူရိန်:
မှန်ပါ့ စောနန်းရယ်၊ သိမ်မွေ့တဲ့ ပြဿနာတွေ လို့ပဲ ဆိုကြပါစို့၊ ဖြေရှင်းတဲ့ နေရာမှာလည်း သိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်မှရမယ်၊ ဥပဒေထုတ်ပြီး တင်းကြပ်ရင် ဆိုးကျိုးပဲ ဖြစ်လာမယ်၊ သူတို့ကိုလည်း နားဝင်အောင် စည်းရုံးနိုင်မှ ရမယ်
စော:
တကယ်တော့ ကိုသူရိန်ရေ... စောနန်း အမြင်ပေါ့နော်
နေသူရိန်:
ဟုတ်
စော:
ဥပဒေလည်း ထုတ်စရာမလို၊ ဒီလိုမလုပ်နဲ့လို့ ပြောဆိုနေစရာလည်း မလိုလှပါဘူး
လိုအပ်မှုအစစ်က တိုင်းပြည်နဲ့ လူမျိုးကို ချစ်လာဖို့ပါပဲ ကိုသူရိန်
ပြီးတော့ ဟိရီသြတ္တပ္ပ တရားလေးပေါ့
နေသူရိန်:
သိပ်မှန်တာပေါ့ကွယ်
စော:
နောက်တခုကလေ.. မြန်မာအမျိုးသမီးလေးတွေရဲ့ အယူမှားလေးပေါ့ ကိုသူရိန်
အ၀တ်အစားတွေကို အတိုအပြတ်ဝတ်မှ ခေတ်မှီတယ်ထင်လာကြတယ်ကွယ်
နေသူရိန်:
သြော်
စော:
တကယ်ခေတ်မှီတာကလေ ကိုယ့်တိုင်းပြည်နိုင်ငံတွင်းမှာ ဆိုရင်လည်း အမျိုးသားများနှင့် တန်းတူ... ပြည်ပနဲ့ယှဉ် ရင်လည်း အတွေးအခေါ်အယူအဆ မှန်ကန်ပြည့်ဝမှသာလျှင် ခေတ်မှီတယ်ဆိုနိုင်ပါတယ် ကိုသူရိန်
နေသူရိန်:
မှန်တာပေါ့
အတိုအပြတ်တွေ မဝတ်ဘဲ လုံးဝ လုံနေအောင် ဝတ်ရမယ်လို့ မဟုတ်ပါဘူး၊ ရာသီဥတုနဲ့ အခြေအနေနဲ့ ကိုက်ညီသင့်တင့်အောင် ဝတ်ပေါ့၊ အဓိကကတော့ လုံခြုံဖို့နဲ့ ဟိရီသြတ္တပ္မ တရားနဲ့ညီရင် အမြင်တင့်တယ် ပါတယ်၊ ခေတ်မှီတယ် ဆိုတာ တကယ်တော့ အဝတ်အစားမှ မဟုတ်ဘဲ
စော:
ကိုသူရိန်ရေ... မြန်မာပြည်ထုတ်ချုပ် ပင်နီအကျီင်္ လုံချည်ဝတ်ပါမှ လုံခြုံတာမျိုးလည်း မဟုတ်ဘူး... ကာလံဒေသံပေါ့ ကိုသူရိန်ရဲ့
နေသူရိန်:
မှန်တာပေါ့၊ ကိုယ်ဟာ မြန်မာပဲ ဆိုတဲ့ အသိရှိနေရင် အဆင်ပြေအောင် ဝတ်တတ်စားတတ်ကြမှာပါ
စော:
မှန်ပါ့.. လုံချည်ဆိုလဲ ရာသီအလိုက် သင့်လျော်တာလေးတွေ ရှိပါတယ် ကိုသူရိန်
ပြီးတော့ အကျီင်္ဆိုလည်းပဲ ချည်ထည်လေးတွေ
ဆန်းဆန်းပြားပြားဝတ်ဆင်နိုင်ပါရဲ့
နေသူရိန်:
အင်း ဟုတ်တာပေါ့
တိုင်းတပါး ယဉ်ကျေးမှုမှာ ပေါ်သမျှ ဆန်းသမျှကို လိုက်တုရင်း နစ်မျောနေကြ သလိုပဲ
စော:
မှန်ပ ကိုသူရိန်... အတိုအပြတ်မှ ဆန်းတာ ပေါ်လွင်တာ မဟုတ်ပါဘူး... စောနန်းရဲ့ ကိုယ်တွေ့ပေါ့ ကိုသူရိန်.. စောနန်း ကျောင်းသွားတက်တုန်းက သူငယ်ချင်းတွေဟာ တိုင်းတပါးမှာမို့ တိုင်းတပါးအတိုင်း လိုက်နေရမယ်လို့ အထင်ရှိခဲ့ပြီး ၀တ်စားနေထိုင်သမှုမှာ တိုင်းတပါးကို အတုခိုးကြတယ်
နေသူရိန်:
မှန်ပ
စော:
ဒါပေမဲ့ စောနန်းတို့ဟာ မြန်မာပြည်ဖွား တိုင်းရင်းသားတွေပါ ကိုသူရိန်... တိုင်းတပါးကို အလည်အပတ်ဖြစ်စေ ပညာသင်ဖြစ်စေ ဘာအတွက်ပဲ ဖြစ်စေ သွားမယ်ဆိုရင် အဲဒီ့အချိန်ဟာ ကိုယ့်ယဉ်ကျေးမှုကို ကမ္ဘာ့အလယ်မှာ ၀ံ့ထည်စွာ ထုတ်ပြနိုင်ဖို့ အခွင့်ကောင်းပဲလေ
နေသူရိန်:
မှန်တာပေါ့ကွယ်၊ တချိန်တုန်းက မြန်မာအမျိုးသမီး ပညာသင်တွေဟာ ဘယ်နိုင်ငံ ရောက်ရောက် မြန်မာအင်္ကျီ နဲ့ လုံချည်ပဲ ဝတ်ကြတယ်လို့ ဆိုတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုကို ဖေါ်ထုတ်ရာလည်း ရောက်ပြီး ဂုဏ်ယူစရာပဲကွယ့်
စော:
ဟုတ်တယ် ကိုသူရိန်ရေ.... ဒါကြောင့်လေ မြန်မာအမျိုးသမီး လေးတွေ ဘယ်နိုင်ငံဘယ်ဒေသရောက်ရောက် အတတ်နိုင်ဆုံး မြန်မာ့ယဉ်ကျေးမှု ထုံးစံဓလေ့ကို ထိန်းသိမ်းသင့်တယ်... မြန်မာ့မူ မြန်မာ့ဟန်ကို မထိန်းသိမ်းနိုင်ဘူးဆိုရင်တောင် မြန်မာဆိုတဲ့ ဂုဏ်အင်ကို မမေ့လျော့သောအနေနဲ့ လုံလုံခြုံခြုံဝတ်ဆင်သင့်ပါတယ် ကိုသူရိန်
ဒီနေ့တော့ ဒီလောက်ပဲ ကိုသူရိန်ရေ.. စောနန်းမှာလည်း အလုပ်ကလေးရယ် ရှိသေးသမို့.. ခွင့်ပြုပါဦးရှင်
နောင်ရက်များမှာလည်း မြန်မာ့ဓလေ့အကြောင်းကို ဆွေးနွေးရင်း ကိုသူရိန့်ဆီက ပညာလိုချင်ပါတယ် ကိုသူရိန်ရှင့်
နေသူရိန်:
ကောင်းပါပြီ စောနန်းရေ ၊ နောက်များမှ ထပ်ဆွေးနွေး ကြတာပေါ့
(နေသူရိန် နှင့် စောနန်းမွန်တို့၏ ဆွေးနွေးမှုများ ဖြစ်ပါသည်။)
8 comments:
  • July 16, 2010 at 3:32 PM
    Opakanaung :
    အတိုဝတ်ခြင်းရဲ့ အကျိုးကျေးဇူးများ..
    ၁၊ အကုန်ဖော်ရသဖြင့် တကိုယ်ရေသန့်ရှင်းမှုကို ဦးစားပေးလာခြင်း
    ၂၊ နိုင်ငံတကာသို့လည်ပတ်ရာတွင် ကျင့်သားရနေခြင်း
    ၃၊ လွတ်လပ်ပေါ့ပါးမှုရှိခြင်း
    ၄၊ လျှော်ရ၊လှမ်းရ သက်သာခြင်း
    ၅၊ ရင်မရှိဘဲ ရင်ဖုန်းနေရရ်ျ တုတ်ချောင်းအ၀တ်ပုံသလိုဖြစ်မနေခြင်း
    ၆၊ ကျွတ်ကျမည်၊မ၀တ်တတ်မည်ကို ပူစရာမလိုခြင်း
    ၇၊ မျက်နှာ သနပ်ခါး၊ပေါင်.. ဘာညာ မဖြစ်နိုင်တော့ခြင်း
    ၈၊ စတိုင်နှင့် စမတ်ဖြစ်နေခြင်း
    ၉၊ အသားအရည်နှင့် ကိုယ်ခနာ ထိန်းသိမ်းတတ်လာခြင်း
    နေရာတိုင်းမှာယဉ်ကျေးမှုကို ဦးစားပေးဖို့ခက်တယ်.ဘယ်အားကစားမှာမှ ထမီနဲ့ရင်ဖုံး ၀တ်လို့မရဘူး..၀တ်သင့်တဲ့နေရာမှာ ၀တ်တာကောင်းပါတယ်..
  • July 16, 2010 at 5:16 PM
    Opakanaung ဆွေးနွေးတဲ့ထဲက တချို့အချက်တွေကို လက်ခံပါတယ်။ နေရာတိုင်းမှာ ထမီနဲ့ ရင်ဖုံးပဲ ဝတ်ရမယ်လို့လည်း မဆိုလိုပါဘူး။ မြန်မာ အဝတ်ဖြစ်ဖြစ်၊ နိုင်ငံခြား အဝတ်ဖြစ်ဖြစ်၊ ဘောင်းဘီပဲ ဖြစ်ဖြစ်၊ အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် သူ့နေရာနဲ့ သူ ဝတ်ပါ။ မြန်မာမျက်စိနဲ့ ဖီလာဆန့်ကျင် မဖြစ်အောင် ဟိရိသြတ္တပ္ပတရားနဲ့ အညီသာဝတ်စေချင်တဲ့ သဘောပါ။ လွတ်လပ်ပေါ့ပါးတဲ့၊ ပူအိုက်တဲ့ ရာသီနဲ့ သင့်တော်တဲ့ အတိုတွေကို လုံခြုံအောင် ဝတ်ဆင်လို့ရပါတယ်၊ သက်သက်မဲ့ ဖေါ်ပြီးဝတ်တာကတော့ မဖြစ်သင့်ပါ။
    အကုန်ဖေါ်မှ တကိုယ်ရည်သန့်ရှင်းရေး ဦးစားပေးနိုင်မယ် ဆိုတာမျိုးတော့ လက်မခံပါ။ ယဉ်ကျေးမှုနဲ့ အညီ ဝတ်ဆင်တာက တကဏ္ဍ၊ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်တာက တကဏ္ဍ လို့ပဲ ယူဆပါတယ်။
    ဝင်ရောက်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။
  • July 18, 2010 at 5:38 AM
    Anonymous :
    ယဉ်ကျေးမှု့ဆိုတါလူမျိုးရဲ့အခြေခံအချက်တချက်ပါ။ ရွေ့လျားနေတဲ့ကမ်ဘါကြီးရဲ့ပြောင်းလွဲမှု့ဖြစ်စဉ်တွေမှာတို့လူမျိုးတို့တိုင်းပြည်ဟါ ကေါင်းတါကိုရွေး ကိုယ့်မူကိုထိမ်း ကိုယ်လူမျိုးကို့ယ့်တိုင်းပြည်ကမ်ဘါတည်သရွေ့အဓွန့်ရှည်အေါင်ဘက်ပေါင်းစုံကကြိုးစါးဘို့လူတိုင်းမှာတါဝန်ရှိပါတယ်။ အစွန်းမရောက်အေါင်ခေတ်အခြေအနေနဲ့လုတွေလှုပ်ရှားမှု့နဲ့ရာသီဥတုနဲ့အစစချင့်ချိန်ပြီးကိုယ့်ရိုးရာအနှစ်သါရကိုထိမ်းတတ်တါအသိပညာပါဘဲ။
    (၁)ရိုးရာယဉ်ကျေးမှု့အနှစ်သါရတန်ဘိုး
    (၂)အဲဒီတန်ဘိုးကိုထင်ဟတ်နေတဲ့အပြုအမူအပြောအဆိုအနေအထိုင် နဲ့အ၀တ်အဆင်
    (၃)အဲဒီတန်ဘိုးကိုမယုတ်လျော့အေါင်သါးစဉ်မျိုးဆက်တည်အေါင်ကြိုးစါးအါးထုတ်နေမှု့
    အဲဒီအခြေခံအပေါ်မှာမူုတည်ပြီးအစွန်းမရောက်အေါင်ကါလဒေသပုဂ်ဂလကိုနှိုင်းချိန်ပြီးကျင့်သုံးတတ်သူ အမျိုးကေါင်းသါး အမျိုးကေါင်းသမီးများ များလါရင်မြန်မါဟါကမ်ဘါတည်သရွေ့တည်ပါလိမ့်မည်။
    သါမန်လူသါး
  • July 18, 2010 at 12:55 PM
    Anonymous :
    ကိုသူရိန်ရေ..
    Opakanaung ဆွေးနွေးသွားတာ တခုမှ လက်ခံနိုင်ဖွယ်မရှိတဲ့အတွက် ပြန်ပြောနေစရာ မလိုပါဘူး. မိန်းကလေးတွေဆိုတာ ယောက်ျားတွေ အကြည့်ခံဖို့ ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် အဆင့်မဟုတ် ပါဘူး။ ဒီလိုဆို အရှက်လုံရုံ ကျောက်ခေတ်ဘ၀ ပြန်ရောက် သွားပါလိမ့်မယ်။ မြန်မာ သနပ်ခါး၊ ပေါင်....... ဆိုတာက ကိုယ့်ဂုဏ်သိက္ခာနဲ့ နေတဲ့ မြန်မာအမျိုးသမီးတွေကို စော်ကားနေသလိုပါပဲ။ မသိရင်ပဲ ရင်ဖုံးထမီ ဝတ်သူတွေက အဲလိုဖြစ်နေလို့ ဖြစ်ရော့မယ်... သူပြောသွားတာ အတွေးအခေါ် တခုမှ မပါဘဲ တမင်ကန့်လန့်တဲ့ သဘောပဲ ရှိတဲ့အတွက် ဒီလို ကွန်မန့်မျိုး လက်မခံနိုင်ပါဘူး ကိုသူရိန်.. ကျေးဇူးပြု၍ စီစစ်ပေးပါ။
    စောနန်းမွန်
  • July 18, 2010 at 12:57 PM
    Anonymous :
    Opakanaung လည်း နာမည်ထဲမှာ ကနောင်ဆိုတဲ့ စာလုံး တွေ့လိုက်တာမို့ အမည်နာမ သမုတ်ရင် သတိထားပေးပါ။ ကိုယ်ပြောတဲ့စကားနဲ့ ကိုယ့်အမည်နာမနဲ့ တခြားစီ ဖြစ်နေလို့ပါ။
    သာမာန်လူသား တွေးရေးသွားတဲ့ ကွန်မန့်လေးကို သဘောကျမိပါတယ်
    စောနန်းမွန်
  • July 19, 2010 at 5:29 AM
    Anonymous :
    အတွေးအမြင်ချင်းမတူသူတွေရှိကြမှာပါဘဲ။ဘယ်လိုသဘေါနဲ့ဘဲပြောပြောဘေါင်ဝင်နေသရ်ျတေါ့ပြန်လည်ဖြေရှင်းချင်သူုတွေအတွက်အခွင့်အရေးတရပ်လို့သဘေါထါးလိုက်ပါ။ အထက်က အိုပကနောင်ရေးတါသူတကယ်ထင်တါလဲဖြစ်ချင်ဖြစ်မယ် ကန့်လန့်ရေးတါလဲဖြစ်ချင်ဖြစ်မယ်။ဒါပေမဲ့အဲဒီလိုကွန်မန့်တွေကိုအခွင့်အရေးတရပ်အနေနဲ့သေချာရှင်းလင်းလိုက်ရင်ကျန်တဲ့ဖတ်မိသူတွေအကျိုးရှိနိုင်ပါတယ်။ ရိုင်းစိုင်းပြီးအလွန်တရာသိမ်ဖြင်းတဲ့မဆက်ဆိုင်တဲ့ရေးသါးချက်ဆိုရင်တေါ့လက်မခံပါနဲ့။ အမြင်မတူသူတွေကို လမ်းမှားလမ်းမှန်ခွဲနိုင်အေါင်ကြိုးစါးပေးတါကုသိုလ်ရတယ်သဘေါထါးပါ။
    ကြားခဲ့ဘူးတါပေါ့လေ ဟိုတချိန်အင်္ဂလိပ်လက်အေါက်က မျိုးချစ်စိတ်ကိုအခြေခံပြီးလှုပ်ရှားမှု့လုပ်ကြရာ အကျီင်္ပါးဝတ်တဲ့မိန်းကလေးတွေရဲံအကျီင်္ကိုရဟန်းပျိ တချို့ကဆွဲဖြဲတါတို့ဘါတို့လုပ်ခဲ့ကြတယ်တဲ့။ ဆိုလိုချင်တါအစွန်းမရောက်ဘို့ပါ။ အဓိကအနှစ်သါရနဲ့မူကိုထိမ်းသိမ်းနိုင်ပြီးအဲဒီဟါတွေထင်ဟတ်နေတဲ့အပြောအဆိုအပြုအမူအနေအထိုင်ကို အခြေအနေနဲ့အချိန်အခါကိုက်ညီစွါပုံဖော်နိုင်ဘို့ အ
    ဓိကအရေးကြီးတယ်မြင်မိပါတယ်။ မြန်မါယောကျာ်းတွေယေါင်ထုံးမထါးတါကြာပါပြီ။ထိုးကွင်းလဲမထိုးကြတေါ့ပါဘူး။သို့ပေသိမြန်မါယောကျာ်းလို့ ပြောရမဲ့အနှစ်သါရကအဲဒီအချက်တွေထက်နက်ရှိုင်းပါတယ်။
    သါမန်လူသါး
  • July 30, 2010 at 10:33 PM
    Opakanaung :
    အမှန်က သူငယ်ချင်းတစ်ယောက်ရေးထားတယ်မှတ်ပြီး
    မြန်မာ အမျိုးသမီးများ ၏ ၀တ်စားဆင်ယဉ်မှု ပြောင်းလဲ လာပုံ ကြောင့် ကန့် ကွက်သူများ နှင့် ထောက်ခံသူ ပွဲဆူလာနိုင်
    http://freedomnewsgroup.com/2010/07/03/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%81%8F/
  • August 1, 2010 at 8:26 AM
    Anonymous :
    ခေတ်အဆက်ဆက်မှာ အိန်ဒြေကိုတန်ဘိုးထါးတဲ့သူတွေ ရှိသလို မေါင်ရင်ပြောသလိုဟေါ့ရှော့လဲရှိမှာပါ။ အရိုးကိုအရွက်မဖုံးစေနဲ့ဆိုသလို အနှစ်သါရကိုကါကွယ်ပြီး အခြေခံမပျောက်အေါင်ဖန်တည်း နိုင်ကြရင်အကေါင်းဆုံးပေါ့။ ပြောင်းလဲတိုင်းကေါင်းတါမဟုတ်သလို လိုအပ်လို့ပြောင်းလဲတါကိုလက်မခံနိုင်တါလဲမကေါင်းပါဘူး။ ယေါနိသေါမနသိကါရအရေးကြီးပါတယ်။ အခြေခံ ဟီရိသြတပ ကိုမပျောက်ပျက်အေါင်ထိမ်းသိမ်းနိုင်ကြပါစေ။
    သါမန်လူသါး