
(၁) ဗိဿနိုးမြို့ဟောင်းဗိဿနိုးသည် တူးဖေါ်တွေ့ရှိချက်များ အရ အေဒီ ၁ ရာစုမှ ၉ ရာစုအတွင်း ထွန်းကား ကြီးကျယ်ခဲ့သော ရှေးပျူမြို့တော်ဟောင်း ဖြစ်သည်။ ဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့်အကွာ၌ တည်ရှိသည်။ အုတ်မြို့ရိုး အစိတ်အပိုင်း အချို့ကျန်ရှိပြီး မြို့ကွက်ကို မှန်းဆနိုင်သည်။ မြို့ကွက်မှာ ထောင့်မှန် စတုဂံ မကျတကျ ပုံစံရှိပြီး အရှေ့ဘက်မြို့ရိုးသည် ၂.၀၉ မိုင်၊ မြောက်ဘက်မြို့ရိုးသည် ၁.၆၁ မိုင်၊ တောင်ဘက်မြို့ရိုးသည် ၁.၂၂ မိုင်ရှည်လျားသည်။ အနောက်ဘက်တွင် မြို့ရိုးမတွေ့ရဘဲ...