
ဒီနေ့ ကျွန်မ နာလန်ထစ... အစောပိုင်းကတော့ စာနည်းနည်းပါးပါးဖတ်ပြီး နားနားနေနေ နေမယ်လို့ စိတ်ကူး ထားတယ်။ ဒါပေမဲ့ ကျွန်မ ဟိုဟိုဒီဒီ လျှောက်ဖတ်မိရင်း ယခင်တည်းက ခေါင်းထဲမှာ ရောက်နေတဲ့ အကြောင်း အရာကို ချရေးချင်စိတ် ပေါ်လာမိတယ်။ အမှန်တော့ ကျွန်မ မြန်မာနိုင်ငံ၏ အနှစ်သာရကို ရေးရမှာပါ။ ဒါပေမဲ့ ခေါင်းထဲမှာ ဖြစ်တည်နေတဲ့ အကြောင်းအရာတခုကို အရင် ရှင်းချလိုက်ချင်လို့ ဒီစာလေးကို ရေးသားဖြစ်ပါ တယ်။အနုပညာ... အချို့ကတော့ နူးညံ့သိမ်မွေ့တဲ့ပညာ အနုပညာလို့လဲ သတ်မှတ်ကြတယ်။ ကျွန်မ နားလည်ထားတာကတော့ အနု - အနုစိပ်၊ အသေးစိပ်ဆန်သော၊...