
ပုဂံခေတ်မှာ ဗုဒ္ဓသာသနာတော် ပြန်လည် ထွန်းလင်းတောက်ပလာခဲ့တယ်။ ယခင် အရည်းကြီးတွေကို ကိုးကွယ် ခဲ့စဉ်က အမျိုးသမီးငယ်လေးတွေရဲ့ ပစ္စုပ္ပန်ဒုက္ခ ပန်းဦးလွှတ်ရခြင်းက ကင်းဝေးခဲ့တယ်။ ပထမမြန်မာနိုင်ငံတော် တခုလုံးရဲ့ ယခုဘဝ မိစ္ဆာဒိဌိအဖြစ်ကို ကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် အနာဂတ်ကာလ အပါယ်ကျရမယ့် ဘေးကိုပါ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့သမိုင်းမှာ အနော်ရထာမင်းကြီးဟာ အလေးအမြတ် အထားရဆုံး မင်းတြားကြီး ဖြစ်ရတာပါ။ သူ့ရဲ့ ကျေးဇူးတရားတွေဟာ မြန်မာနိုင်ငံတနိုင်ငံလုံးအပေါ်မှာ ကြီးမား ခဲ့ပါတယ်။ မွန်လူမျိုး ရှင်အရဟံ ဦးဆောင်တော်မူပြီး...